နိုဝင်ဘာ ၂၅ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်ကထောင်နယ်မြေရဲကင်းသို့ KIA/PDF အင်အား ၄၀ ဦးခန့်သည် မနက် ၉ နာရီချိန်ခန့်က အဝေးမှ လာရောက်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်ကြပြီး အနောက်တောင်ဘက် သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၂။ ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ကို KNPP/KNDF အဖွဲ့များသည် မွန်းလွဲ ၂ နာရီခန့်က RPG တစ်လုံးဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၃။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းကို AA သကသအင်အား ၂၀၀ ခန့်သည် နေရာ ၂ နေရာမှ Drop Bomb၊ လက်နက်ကြီး/ငယ်များဖြင့် မွန်းလွဲ ၂ နာရီခန့်တွင် လာရောက်တိုက်ခိုက်ရာ မိမိဘက်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများယူ၍ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၄။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ နှုံးဘူးစခန်းအား AA သကသများသည် Drone ၂ စီးဖြင့် Drop Bomb ၄ လုံး ချတိုက်ခိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်မှုကြောင့် ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၅။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ဝင် တံတားဂိတ်အား AA ၁၅ ခန့်မှ လည်းကောင်း၊ ပေါက်တောဆိပ်ကမ်းနေရာတွင် AA သကသ အင်အား ၁၀၀ ဦးခန့်ဖြင့်လည်းကောင်း မနက် ၇ နာရီနှင့် နေ့လည် ၁၂ နာရီခန့်တို့တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၆။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပသစစခန်းအား PDF အကြမ်းဖက်သူ အင်အား ၂၄၀ ခန့်သည် မနက် ၆ နာရီခန့်တွင် နေရာ ၃ နေရာမှ Drop Bomb ၄ လုံး၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သူများ ဆုတ်ခွာ သွားခဲ့။ ဆုတ်ခွာရာလမ်းကြောင်းရှိ တည်သီးတောရွာမှ နေအိမ် ၂၀ လုံးအား မီးရှို့သွားခဲ့ကြောင်း သိရှိရ။