လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားတွင် ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသည့် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်ရိုးမစစ်ကြောင်း ၂ နှင့် KNLA ပူးပေါင်းအဖွဲ့များက Sniper ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂၀ ရက်နေ့၌ ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုပ်ဇာတ်ဆင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ Sniper နဲ့ ပစ်ခတ်ခံရ၍ ၁ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။