ပန်ဆယ်လိုကို စားဖားနိုင်ငံရေးသမားလို့ နဂါးပြောပြီ

ယခုရက်ပိုင်းအတွင်းမှာ အကြမ်းဖက် NUG လက်အောက်ခံအဖွဲ့က နဂါးနဲ့ ပန်ဆယ်လို တစ်ယောက်အကြောင်း တစ်ယောက်ပြောပြထားတာလေးကို ပြန်လည် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပန်ဆယ်လိုက နဂါးကို တိုက်ခိုက်နေတာ အခုအကြိမ်ဆိုရင် ၂ ကြိမ်ရှိနေပြီလို့လည်း နဂါးကသူရဲ့ LIVE မှာ ပြောကြားထားပါတယ်။ အရင်တုန်းကလည်း ယခုလိုပဲ နဂါးက NUG ကိုဝေဖန်တာတွေ လုပ်နေတယ် မကောင်းကြောင်းတွေပြောတယ်ဆိုပြီး ပန်ဆယ်လိုက LIVE လွှင့်ပြောဆိုထားတာပဲဖြစ်ပါတယ်။ အဆိုပါပြောဆိုမှုကို နဂါးက ပြန်လည်ဖြေရှင်းတဲ့ အချိန်မှာ ပန်ဆယ်လိုအနေဖြင့် အလှူခံပြီး ရတဲ့ငွေတွေနဲ့ ကိုယ်ကျိုးအတွက် အသုံးချနေမှုနဲ့ အားလုံးကိုသူ့အပေါ်အပြစ်တွေ ပုံချ/ထိုးချချင်နေတယ်လို့ ပြောထားပြီး နဂါးအနေနဲ့လည်း သူအနေနဲ့ တော်လှန်ရေးကို အမှန်အကန်လုပ်နေတာဖြစ်ပြီး ပန်ဆယ်လိုကတော့ နိုင်ငံရေးအကြောင်းပြပြီး ကြီးပွားနေပြီးပြည်ပမှာ ကြီးပွားနေတယ်ဆိုတဲ့ အကြောင်းကိုပါ ထည့်သွင်းပြောကြားထားပါတယ်။ NUG အနေနဲ့လည်း မှုအလွဲတွေ/လူအလွဲတွေ ရှိနေပြီး အတွင်းထဲမှာ စားဖားကြီးတွေများနေကြောင်းနှင့် ဒီလို နိုင်ငံရေးကို အကြောင်းပြုပြီးစားဖားတွေကို စနစ်တကျကိုင်တွယ်သင့်ကြောင်း ပြောကြားထားတာပဲဖြစ်ပါတယ်….ကဲ မပန်တို့ကတော့ မကြာခင်ခွက်ပျောက်တော့မယ်…အလှူခံလို့မရအောင် နဂါးကလုပ်လိုက်ပြီး….နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲ?