ပင်လယ်ပြင်အတွင်း စက်ပျက်မျောပါနေသော လှေငယ်အား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၏ အနောက် မြောက်ဘက်  ရေမိုင် ၄၇ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ လှေငယ် တစ်စီး စက်ပျက်မျောပါနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ စက်ပျက်၍ မျောနေသည့် LONG ISLAND အမည်ရှိ လှေပေါ်ပါ လှေသား ၃ ဦးနှင့် NORTIC ကုမ္ပဏီဝန်ထမ်း ၂ ဦးတို့အား တွေ့ရှိရသဖြင့် စစ်ရေယာဉ်ပေါ်သို့တင်ဆောင်ကာ စက်ပျက်လှေအတွက် လိုအပ်သည့်စက်ပိုင်းဆိုင်ရာပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်း