လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွား၍ စစ်သား၆ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီခန့် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာနှင့် ကျောက်ပုံရွာ အကြားတွင် စစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျားဖြူစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ ကျားဖြူ စစ်ကြောင်းဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၆ ရက်နေ့၌ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာနှင့် ကျောက်ပုံရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ PDF တွေ အလှူခံတောင်းစားလို့ကောင်းအောင် ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။