ဝက်လက်ဘက်မှာ ဒရုန်းနဲ့ဗုံးကျဲလို့ လုံခြုံရေးတပ်အဖွဲ့ဝင် ၁၉ ဦး သေဆုံးဆိုတဲ့သတင်းအမှား

ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်အထိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာရွာမကျေးရွာအုပ်စု၊ ရွာသာရွာ(ပျူ)စခန်းနှင့် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကွေ့ရှိ ဆက်ကြေးကောက်နေသော တပ်မတော်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာရွာမကျေးရွာအုပ်စု၊ ရွာသာရွာ(ပျူ)စခန်းနှင့် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကွေ့တွင် ဩဂုတ်လ ၃၀ ရက်နေ့ မှ စက်တင်ဘာလ ၁ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိနေခြင်းမရှိသလို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခံရခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ အပုတ်ချကာ ၁၉ ဦးသေတယ်လို့ သတင်းအတုလုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။