မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေးအတွက် တရုတ်မှယွမ်ငွေ (၁၅၀,၀၀၀) လှူဒါန်း

နေပြည်တော်၌ တည်ထားကိုးကွယ်သည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇိယ ရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Jade Empire Network Technology Co; Ltd မှ CEO ဖြစ်သူ Mr. Zhao Zhang Ao မှ အလှူတော်ငွေ တရုတ် ယွမ်ငွေ (၁၅၀,၀၀၀) အား စက်တင်ဘာ ၄ ရက်တွင် မြန်မာသံရုံး၊ ပေကျင်းမြို့သို လာရောက်၍ သံအမတ်ကြီး ဦးတင်မောင်ဆွေထံသို့ လာရောက်ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။