ရွာသစ်ကုန်းရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီအချိန် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော ခမရ ၃၄၃ တပ်စခန်းကို KNLA ၊ PDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်သား ၆ ဦးသေဆုံးပြီး အခြားစစ်သား ၆ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် စစ်တပ်၏ ဒုတိယတပ်ရင်းမှူးလည်း ပါဝင်ကြောင်း Khit Thit မှ သတင်းမှား ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၆ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွင် ဒုတိယတပ်ရင်းမှူးမပါဝင်ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိတယ်အဲ့ထဲမှာ လူထင်ကြီးအောင် ဒုတိယတပ်ရင်းမှူးပါပါတယ်ဆိုပြီး အောက်တန်းကျစွာ လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။