တရုတ်နှင့်ရုရှားရေတပ်များပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားနှင့်တရုတ်စစ်သင်္ဘောများသည် လေကြောင်းတိုက်ခိုက်မှုတန်ပြန်ရေးအပါအဝင် ကယ်ဆယ်ရေးလေ့ကျင့်မှုများပါဝင်သည့် ပူးတွဲရေကြောင်းကင်းလှည့်မှုများကို ပစိဖိတ်သမုဒ္ဒရာအတွင်းပြုလုပ်နေကြောင်း မော်စကိုကာကွယ်ရေးဝန်ကြီးဌာနကသြဂုတ် ၁၈ ရက်ကပြောကြားခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောအချင်းချင်းအရံလောင်စာဆီဖြည့်တင်းခြင်းနှင့်‌ သင်္ဘောမောင်းနှင်နေရင်းကုန်စည်ဲပြောင်းခြင်းတိုအား လေ့ကျင့်ခြင်းလည်းပါ၀င်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး လေ့ကျင့်မှုစတင်ချိန်မှစ၍ရေမိုင်ပေါင်း ၆,၄၀၀ ကျော်အထိသင်္ဘောများအပြည့်ဖြစ်နေကြောင်းသိရပါတယ်။