ကောင်းကွက်ကိုရှာ၍ မေတ္တာပွားပါ

လူတစ်ယောက်အပေါ်မှာ
မေတ္တာထားချင်ရင်
ကောင်းကွက်လေးတွေကို ရှာကြည့်။
ဆိုးကွက်တွေ သွားမကြည့်နဲ့။

လူဆိုတာ အကောင်းအဆိုး ရောနေတာပဲ။
ဘယ်သူမှ အကောင်းချည်း မရှိဘူး။
ဘယ်သူမှ အဆိုးချည်းလည်း မရှိဘူး။

ကောင်းကွက်ကိုရှာ မေတ္တာကိုပွားဆိုတာ
“ယောနိသော မနသီကာရ”ကို ပြောတာ။
ကောင်းကွက်ကို ရှာမတွေ့နိုင်ရင်
မေတ္တာ မပွားနိုင်ဘူး။

မေတ္တာမပွားနိုင်ရင်
ချက်ချင်း ဘယ်သူ ဒုက္ခ ဖြစ်လဲဆိုရင်
ကိုယ့်ရဲ့ နှလုံးပူလောင်ခံရတယ်။

ငရဲ ကျမှာတွေ နောက်ထား၊
ရုပ်ဆိုးမှာတွေ နောက်ထား၊
ကိုယ်အရင် ဒုက္ခ ဖြစ်တာပဲ။

ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ