အကြမ်းဖက် KNU/PDF အဖွဲ့၏ Drop ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဉီး ဒဏ်ရာရ

စက်တင်ဘာလ ၁ ရက် နေ့လည် ၁၁ နာရီကျော်တွင် အကြမ်းဖက် KNU/PDF အဖွဲ့က ဘီးလင်းမြို့နယ်၊ ဒေါင်းရပ်ကျေးရွာအတွင်းသို့ Drone ဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ရာ ဗုံးသီးတစ်လုံးမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်ခဲ့သည်။

ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဘေးတွဲမောင်းနှင်သူ ဉီးခိုင်ရွှေတွင် ကျောကုန်းမိုင်းစထိမှန်ဒဏ်ရာ ၂ ချက်၊ ယာပေါင်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်။ စီးနင်းလိုက်ပါလာသူ ဒေါ်မြင့်ဝင်းတွင် ဝဲလက်မောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ကိုမြင့်ဇော်တွင် ဝဲလက်မောင်းပေါက်ပြဲဒဏ်ရာ ၁ ချက် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဒီအကြမ်းဖက်သမားတွေ မြန်မြန်ချုပ်ငြိမ်းမှ ပြည်သူများ ဘေးကင်းလိမ့်မည်…..
အကြမ်းဖက်တိုက်ဖျက်ရေးတွင် ကြိုးပမ်းပါဝင်ကြပါစို့..
CRD; Saw Ba Maung