မင်းကွန်းနယ်မြေရဲစခန်းကို PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ မင်းကွန်းကျေးရွာ၊ မင်းကွန်းနယ်မြေရဲစခန်းကို ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပီဒီအက်(ဖ်) အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲများကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားများပစ်ခတ်သည့် လက်လုပ်စိန်ပြောင်းကျည် ၁ လုံးသည် ရဲစခန်း၏ အနောက်ဘက်ခြံစည်းရိုးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်စုံတစ်ရာထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် မွန်းလွဲ ၁၂ နာရီခွဲအချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများဘက်မှ ပစ်ခတ်မှုရပ်သွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲများထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။