မေတ္တာဖြင့် နေထိုင်ရှင်သန်ပါ

သူများအပူတွေမကူးပါစေနဲ့

နားလည်ပေးလိုက်ခြင်းက
အဆင်ပြေမှုကို ရစေနိုင်ပါတယ် ။

သည်းခံပေးလိုက်ခြင်းက
အေးချမ်းမှုကို ဖြစ်စေပါတယ် ။

စွန့်လွှတ်ပေးလိုက်ခြင်းက
စိတ်ပေါ့ပါးမှုကို ဖြစ်စေပါတယ် ။

ရုပ်ရောဂါတွေအတွက်
ကုစရာဆေးတွေရှိပေမယ့်လည်း

စိတ်ရောဂါအတွက်ကတော့
တရားမရှိရင်ပျောက်ဖိုမလွယ်ပါဘူး ။

ကိုယ်စိတ်ရဲ့ ချမ်းသာမှုဟာ
ကိုယ့်ဆီမှာနှလုံးသွင်းမှန်မှရပါတယ် ။

အများအကြောင်းသိပ်မတွေးပါနဲ့
သောကတွေ ပူစရာတွေ
ကိုယ့်ဆီကို ရောက်နိုင်စေပါတယ် ။

ကိုယ်ကောင်းတာတွေလုပ်ဖြစ်ဖိုရယ်
ကိုယ့်သံသရာခရီး ချော့မွေ့ဖိုရယ်ကို
သေချာလေး စဥ်းစားပြီးတော့

သူများအပြစ်ကိုမကြည့်ပဲ
ကိုယ်ကောင်းအောင်နေဖိုကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

မေတ္တာများစွာဖြင့်မျှဝေအပ်ပါသည်