ငါန်းဇွန်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက သားအမိနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြိုနယ် ထန်းတပင် ကျေးရွာနှင့် ပျဉ်းလှတောကျေးရွာကြားတွင် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သားဖြစ်သူသေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရခဲ့ကြောင်းသိရသည်။

ထန်းတပင်ကျေးရွာနေ ဦးဝင်းကြိုင် (၄၀) နှစ် (တောင်သူလုပ်ကိုင်သူ) နှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်သစ်ကြည် (၇၂) နှစ်တို နှစ်ဦးသည် နေအိမ်မှ ယာခင်းသို လှည်းဖြင့်သွားရောက်စဉ် ထန်းတပင်ကျေးရွာနှင့် ပျဉ်းလှတောကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်အရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့် အသင့်စောင့်ဆိုင်းနေသည့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားအမျိုးသား၂ ဦးက လှည်းအား ရပ်တန့်ခိုင်းပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးဝင်းကြိုင်တွင် ယာဦးခေါင်း နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနံဘေးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲခါးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနံဘေးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲတင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တိုဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး ဒေါ်သစ်ကြည်တွင် ယာဒူးဆစ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။