မုံရွာမြိုရှိပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက မုံရွာမြို ၊ ကန်သာယာပြည်ထောင်စုကျွန်းတွင်၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများ ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။
ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၁၀၀၀ ဦးကျော်ခန့်က မုံရွာမြို ပြည်သူ့အားကစားကွင်းရှေ့မှ စတင်၍ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုကျွန်းအရောက် လှည့်လည်ကာ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး” ၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ” ၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက်သူပုန်မှန်သမျှ ကျဆုံးပါစေ”