ထိန်ပင်ကျေးရွာအနီးမှာ အကြမ်းဖက် PDF များ၏ မိုင်းများအား ဖော်ထုတ်ရှင်းလင်း

ဇူလိုင် ၁၆ ရက်(ယနေ့)တွင် အများပြည်သူသုံးလမ်းမပေါ်တွင် မိုင်းများထောင်ထားကြောင်း ဒေသခံများရဲ့ သတင်းပေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေသွားရောက်ရှင်းလင်းရာ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြားအရောက်တွင် မိုင်း ၄ လုံးပေါက်ကွဲ၍ ပစ်ခတ်ရှင်းလင်းရာ
(၁) မိုင်းဆွဲရန် စောင့်ဆိုင်းနေသော PDFအလောင်း- ၂ လောင်း
(၂) မုန့်ဗုံးဖြင့်လုပ်ထားသော လက်လုပ်မိုင်း -၉ လုံး
(၃) ရှော့တိုက်လက်လုပ်စိန်ပြောင်း -၂ လက်
(၄) ဝါယာကြိုး -၁ ခွေ
(၅) ဘက်ထရီအိုး -၃ လုံး တို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။