မတ်လ ၁၆ ရက်နေ့တိုက်ပွဲသတင်းများ

မတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၃ နေရာမှ KIA နှင့်အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က Drone ဖြင့် Drop bomb ချတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ်မြေခံတပ်ရင်းများသို့ KNPP နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများပြုလုပ်လာသဖြင့် မိမိဘက်မှ တုန့်ပြန်ပစ်ခတ်ခဲ့။

ရှမ်း(တောင်)

ဟိုပုံးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် စငေါရွာ တောင်ဘက်သို့အရောက် နေရာ ၂ နေရာမှ KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

RPG ၁ လက် သိမ်းဆည်းရမိ။

ရခိုင်ပြည်နယ်

ရသေ့တောင်မြို့နယ်မြေခံတပ်ရင်းသို့ AAသောင်းကျန်းသူအင်အား (စိစစ်ဆဲ) မှ Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

စစ်ကိုင်းတိုင်း

ပင်လည်ဘူးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် PDF ၈၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၁ တောင့် သိမ်းဆည်းရမိ။

ကနီမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ PDF ၃၀ ဦးခန့်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

PDF ၁ လောင်း၊ လက်လုပ် ၄၀ မမ ၁ လက်၊ ၁၂ ဗိုကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့။