အကြမ်းဖက်အဖွဲများက၂ နှစ်တာကာလအတွင်း အပြစ်မဲ့ ပြည်သူ (၈၉၂၈) ဦး ကို အနိုင်ကျင့် သတ်ဖြတ်

နိုင်ငံရေးပါတီ (၂၄) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် အကြမ်းဖက်လုပ်ရပ်များအား ဖော်ပြထားရာတွင် အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်မှုများကြောင့် (၈၉၂၈)ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါရှိသည်။

ရန်ကုန်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် နိုင်ငံရေးပါတီဦးဆောင်သူများ (၁၆-၃-၂၀၂၄) ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ပူးတွဲသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ထားရာတွင် “အကြမ်ဖးက်အဖွဲ့များသည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပစ်မှတ်မဟုတ်သော အရပ်ဖက်ပစ်မှတ်များအပေါ် ယနေ့ထက်တိုင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ၁-၂-၂၀၂၁ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့အထိ ၂နှစ်တာ ကာလအတွင်း အတည်ပြုရရှိသော စာရင်းဇယားများအရ အကြမ်းဖက်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ရှိကြောင်း သိရှိရပါသည် –

(က) လူနေအိမ်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးမှု (၁၆၆၁)ကြိမ်၊

(ခ) စက်ရုံ၊ အလုပ်ရုံ၊ စူပါမားကတ်များ မီးရှို့ဖျက်ဆီးမှု (၄၄)ကြိမ်၊

(ဂ) ရုံး/ အဆောက်အဦများအား အကြမ်းဖက်တိုက်ခိုက်မှု ((၁၀၉)ကြိမ်၊

(ဃ) လမ်း/ တံတားများအား ဖောက်ခွဲဖျက်ဆီးမှု (၈၅၆)ကြိမ်၊

(င) ဌာနဆိုင်ရာ ရုံး/ အဆောက်အဦများ မီးရှို့ဖျက်ဆီးမှု (၉၇၆)ကြိမ်၊

(စ) လက်ပစ်ဗုံး/ လက်လုံးဗုံး ပစ်ခတ်မှု/ တွေ့ရှိမှု (၁၉၄၆)ကြိမ်၊

(ဆ) ကျောင်း/ ရုံး/ အခြားနေရာများ လက်ပစ်ဗုံးပစ်ခတ်မှု (ကွဲ/ မကွဲ/ တွေ့ရှိ) (၆၈၄၅)ကြိမ်၊

(ဇ) အပြစ်မဲ့ ပြည်သူများအား အနိုင်ကျင့်မှု၊ သတ်ဖြတ်မှု (၈၉၂၈)ဦး” ရှိကြောင်း သုံးသပ်ဖော်ပြထားသည်။

နိုင်ငံရေးပါတီ (၂၄)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် အကြမ်းဖက်လုပ်ရပ်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ #Crd