ငြိမ်းချမ်းရေးလမ်းပေါ် ရောက်မလာတဲ့KIO

KIOက ကချင်ပြည်နယ်ကို ကိုယ်စားပြုတယ်လိုယုံကြည်ရင် လက်နက်ကိုင်လမ်းစဥ်စွန့်လွှတ်ပြီး ကချင်ပြည်နယ်လူထု ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ်

ကချင်ပြည်နယ် အာဏာရအစိုးရအဖွဲဖြစ်အောင်လုပ်ဖိုလမ်းကြောင်းရှိပါတယ်။

အခြားပြည်နယ်များနဲ့မတူတဲ့ ကချင်ပြည်နယ်ပေါ်ပေါက်လာပုံအရလက်ရှိကချင်ပြည်နယ်မှာ ကချင်မျိုးနွယ်စုထက် ရှမ်းဗမာမျိုးနွယ်စုက ပိုများနေတဲ့အပြင်၊

ကချင်မျိုးနွယ်စုမှာတောင် KIOကို လက်မခံချင်တဲ့ သူတွေရှိနေတဲ့အတွက်ရွေး ကောက်ပွဲလမ်းကြောင်းနဲ့အလုပ်မဖြစ်နိုင်မှန်းသိလို ဖက်ဒရယ်ဒီမိုကရေစီ အော်ပြီး

လက်နက် ကိုင်လမ်းစဥ်ကို ဘယ်တော့မှစွန့်မှာ မဟုတ်ဘူးဆိုတာသေချာနေပါတယ်။

တပ်မတော်အစိုးရအဆက်ဆက် KIO/KIAကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲအဖြစ်အသိအမှတ်ပြုပြီး လိုက်လျောမှုများနဲ့ဆက်ဆံခဲ့ပေမယ့် အလျှော့ပေးရင်

ရောင့်တက်ပြီး တင်းတင်းမာမာ လုပ်ရင် အလျှော့ပေးလာတယ်ဆိုတာ KIOရဲ့ အလေ့အထတစ်ခုလိုဖြစ်နေပါတယ်။

နဝတလက်ထက် ၁၉၉၄ အပစ်ရပ်ငြိမ်းချမ်းရေးဟာ KIOကိုစစ်ရေးအကြပ်အတည်းဖြစ်အောင်ဖိအားပေးပြီး ရလာခဲ့တာဖြစ်ပါတယ်။

၁၉၉၄ ကနေ ၂၀၁၁အထိ ၁၇ နှစ်တာ ကာလအတွင်းKIO ကစစ်ရေးစီးပွားရေးအားကောင်းအောင်တည်ဆောက်လာတာကို ကချင်ပြည်နယ်လူထု ငြိမ်းချမ်းရေးအတွက်

တပ်မတော်ဘက်က အလျှော့ပေးလိုက်လျောမှုတွေအများကြီးနဲ့ ငြိမ်းချမ်းရေးတည်တံ့အောင်ထိန်းခဲ့ရပါတယ်။

NCAဆိုတာလွိင်ဇာမှာစတင် သန္ဓေတည်ခဲ့တာ ဖြစ်ပေမယ့် NCAမှာမပါဘဲရှောင်ထွက်သွားသလိုဒီမိုကရေစီအစိုးရဆိုတဲ့ NLDအစိုးရကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရကို

လှောင်ပြောင်နေတာသာ လုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်မလာခဲ့ပါဘူး။

နိုင်ငံရေးအပြောင်းအလဲကာလမှာ စစ်ကိုင်းတိုင်းအတွင်းKIA ဝင်ရောက်မွှေနှောက်မှုတွေကြောင့် KIAကိုစစ်ရေးအပြင်းပြင်းထန်ထန်အရေးယူသင့်ကြောင်း

ပြည်သူလူထုအကြားမှာဝေဖန်ထောက်ပြကြတာ ကြာခဲ့ပြီဖြစ်သလို သတင်းစာရှင်းလင်း ပွဲမှာကို လိုင်ဇာကို ဗုံးကြဲဖိုအစီအစဥ်ရှိမရှိနစကအစိုးရကို မေးလာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အခု တပ်မဟာ(၉)ဌာနချုပ်ဗုံးကြဲမှုဟာ KIA ရဲ့ လုပ်ရပ်တွေရပ်တန့်ဖို သတိပေးတဲ့သဘောသာဖြစ်လို အရပ်သားတွေ ကိုသတ်ကုန်ပြီ၊စစ်ရာဇဝတ်မှု၊လူမျိုးသုဥ်းသတ်မှုတွေကျူးလွန်နေပြီ၊

အရပ်ကူပါ၊လူဝိုင်းပါ၊ကုလသမဂ္ဂကူပါ၊အမေရိကန်ကယ်ပါလို အော်ငိုပြနေလိုမရဘဲ ဘယ်သူမပြုမိမိမှု ဆိုသလို နောက်ထပ်အလားတူတိုက်ခိုက်မှုတွေမခံရအောင်

စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်မွေးပြီးတိုင်းပြည် နဲ့လူထုအကျိုးစီးပွားထိခိုက်မယ့်အပြုအမူတွေကို ရှောင်ကျဥ်သွားဖိုသာလိုအပ်ပါတယ်။