Xiaomi နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲမှာ မြန်မာ ပထမရ

ရှောင်းမီရဲ့ Xiaomi imagery Award 2023 နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံသား ကိုပိုက်ထွေးကျော်က ပထမဆုဆွတ်ခူးနိုင်ခဲ့တယ်လို သိရပါတယ်။
အလွတ်တန်းဓာတ်ပုံဆရာ ကိုပိုက်ထွေးကျော်ဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း Xiaomi ရဲ့ Outstanding Prize ကို ရရှိခဲ့ဖူးသလို ၂၀၂၃ အတွက် ပြိုင်ပွဲမှာလည်း နိုင်ငံပေါင်း ၁၉၁ နိုင်ငံ ယှဥ်ပြိုင်တဲ့အထဲ မြန်မာနိုင်ငံက ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။
Xiaomi နဲ့ Leica တို ပူးပေါင်းကျင်းပတဲ့ ဒီပြိုင်ပွဲကြီးမှာ First Prize Winner ဆုကြီးကို ရရှိခဲ့တာကြောင့်ဆု‌ကြေး အနေနဲ့ ၅၉၉၅ ဒေါ်လာတန်ကြေးရှိတဲ့ Leica Q3 Camera ၊ အမေရိကန်ဒေါ်လာ ၅၀၀၀၊ Xiaomi 13 Ultra ဖုန်းတစ်လုံးကို ရရှိမဲ့အပြင်စပိန်နိုင်ငံ ဘာစီလိုနာမြိုမှာ ကျင်းပမဲ့ MWC (Mobile World Congress) Event ကိုလည်း တက်ရောက်ခွင့်ရမှာဖြစ်တယ်လို ကိုပိုက်ထွေးကျော်က မျှဝေထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ပြုလုပ်တဲ့ Xiaomi imagery Award 2022 မှာလည်း မြန်မာနိုင်ငံက ဓာတ်ပုံဆရာလေးဦးက အမြင့်ဆုံးဆုကြီးအပါအဝင် ငါးဆုဆွတ်ခူးထားတယ်လို့ သိရပါတယ်။ # Crd