ဇူလိုင်လ ၂၄ ရက်နေ့မှုခင်းသတင်းများ

-ဇူလိုင်လ ၂၃ ရက်နေ့ ၀၆၀၀ နာရီချိန်တွင် မူဆယ်မြို့နယ်၊ ဟိုပေါ်ကျေးရွာတွင် နေထိုင်သော ဦးအိုက်စံ(၆၆) နှစ်သည် ကျေးရွာအနီးရှိ တောင်ယာတဲ၌ အလုပ်လုပ်နေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအိုက်စံတွင် ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ဖြင့် နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၃ ရက်နေ့ ၁၆၃၀ နာရီချိန်တွင် သရက်ချောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သော ဦးသန်းဇော်ဌေး(၃၂) နှစ်နှင့် မိသားစုများဖြစ်ကြသော မယာဉ်ချိုထွေး(၃၈) နှစ်၊ မသီတာနွယ် (၃၆) နှစ်၊ မနွယ်နီဌေး(၇) နှစ်တို့ လိုက်ပါလာသော ယာဉ်အား ပုလောကုန်းကျေးရွာအနီးအရောက်၌ အကြမ်းဖက် PDF များမှ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မယာဉ်ချိုထွေးမိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် မသီတာနွယ် တွင် ဝဲနားထင်၊ ဝဲမျက်ခုံး မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် ပုလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၃ ရက်နေ့ ၀၄၃၀ နာရီချိန်တွင် ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်တွင် နေထိုင်သော ဦးထွန်းထွန်းအေး(၅၈) နှစ်သည် နေအ်မ၌ မိသားစုနှင့် အတူရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်မှ လက်နက်ငယ်များ ကိုင်ဆောင်ပြီး ရောက်ရှိလာကာ ဦးထွန်းထွန်းအေး အား ကျော်မကြား ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၃ ရက်နေ့ ၀၆၁၅ နာရီချိန်တွင် တမူးခရိုင်၊ ခမ်းပတ်မြို့၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သော ဦးကမ်ခန့်ဟန်(ခ) ဦးမောင်ကံ (၆၄) နှစ်သည် နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်ရှိလာပြီး ဦးကမ်ခန့်ဟန်(ခ) ဦးမောင်ကံ အား ခမ်းပတ်မြို့တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၃ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာတွင် နေထိုင်သော ဒေါ်အေးအေးသန်း(၄၀) နှစ်သည် ရွာအရှေ့ဘက် လယ်ကွင်း၌ ၎င်းပိုင်ဆိုင်သော နွားများအား လွှတ်ကျောင်းနေစဉ် အကြမ်းဖက်သမားPDF များမှ သေနတ်ဖြင့် ပစ်ခတ်၍ မင်းကံကြီးကျေးရွာ ဘက်သို့ ထွက်ခွာသွားခဲ့ရာ ဒေါ်အေးအေးသန်းတွင် ယာတင်ပါးကျည်ဖောက်ဝင်ဒဏ်ရာ မစိုးရိမ်ရ ဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂၃ ရက်နေ့ ၁၂၀၀ နာရီချိန်တွင် ဟးခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သော ဇမ်းခေါခိုင်(၂၄) နှစ်သည် ၎င်း၏ညီဝမ်းကွဲ အိမ်တွင် ရောက်ရှိနေစဉ် အကြမ်းဖက်သမားPDF များ ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောငါ အဖွဲ့မှ ၂ ဦးရောက်ရှိလာပြီး ဇမ်းခေါခိုင်အား မြို့ပတ်လမ်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။