မိုခါမုန်တိုင်းဒဏ်ခံရသည့်ပြည်သူများထံ သွားရောက် အားပေးကူညီတဲ့အနုပညာရှင်များ

“လူသားချင်း စာနာထောက်ထားစိတ်အပြည့်ရှိကြတဲ့ ပရဟိတ အနုပညာရှင်အချို့က ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်ခံရသည့်ပြည်သူများထံ သွားရောက် အားပေးကူညီ”

ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားစိတ်အပြည့်ရှိကြတဲ့ ပရဟိတ အနုပညာရှင်အချို့ဟာ ယနေ့ (မေ ၁၇ ရက်) နံနက်ပိုင်းမှာ ကိုယ်တိုင်သွားရောက်ပြီး အားပေးကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယခုသွားရောက်ကြတဲ့ အနုပညာရှင်တွေထဲမှာ နေထက်လင်း၊ ဘုန်းလျှံ၊ စိုးသီဟ၊ ရိုတ၊ အောင်ခိုင်၊ လှမျိုးသဉ္ဇာနွယ်၊ မယ်လိုဒီ၊ ဝါဝါအောင်၊ ရှုမဝ ခင်သန်းနွယ်၊ ဆောင်းအိန္ဒြေထွန်း၊ အမေများအဖွဲက ဒေါ်နွဲနွဲစန်း စတဲ့သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါခရီးစဉ်ကို နံနက် ၈ နာရီက လေယာဉ်စတင်ထွက်ခွာပြီး ညနေပိုင်းမှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမယ့် နေ့ချင်းပြန်ခရီးဖြစ်ပြီး ၎င်းအနုပညာရှင်များနဲ့ ခုနှစ်ရက်သားသမီးတွေ ပါဝင်လှူဒါန်းထား အလှူ‌ငွေနဲ့ ပစ္စည်းတွေကိုလည်း သွားရောက်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။