အောင်မင်္ဂလာအဝေးပြေးဂိတ်အနီး လျှပ်စစ်ကားအားသွင်းရုံ တည်ဆောက်မှုလုပ်ငန်းစတင်

အောင်မင်္ဂလာအ‌‌ဝေးပြေးဂိတ်အနီး လျှပ်စစ်ကားအားသွင်းရုံကို ကားဝင်းအပြင်ဘက်မှာ တည်ဆောက်နေပြီး တရုတ်ကားကုမ္ပဏီတစ်ခုကနေ တာဝန်ယူတည်ဆောက်နေတယ်လို့ သိရပါတယ်။

(Myanmar Brillance Auto Co.,Ltd) အမည်ရှိတဲ့တရုတ်ကားကုမ္ပဏီကနေ အောင်မင်္ဂလာအားသွင်းရုံ (Charging Station) ကိုတည်ဆောက်နေခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီသည် E2 အမျိုးအစား လျှပ်စစ်ကားအစီး ၄၀ ကိုတင်သွင်းထားပြီးဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်အမြန်လမ်း ၁၁၅ မိုင်တွင် လျှပ်စစ်အားသွင်း charging station ၅၀ ထားမယ်လို့သိရပြီး မြန်မာနိုင်ငံသို့ လျှပ်စစ်ကားတင်သွင်းရန် စိတ်ဝင်စားကြောင်းကုမ္ပဏီ ၂၆ ခုက တင်ပြထားကာလက်တလောတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော ချင်းတွင်းဆောက်လုပ်ရေးက E2 အမျိုးအစား အစီး ၃၀ ၊ NPK Motors က ၁၀ စီး တင်သွင်းထားတယ်လို့ဆိုပါတယ်။