လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်ရေးပြုလုပ်ပေး

မိုခါမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းကြီးများအနက် ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်..
မုန်တိုင်းမဝင်ရောက်မှီ ၉ ရက်ခန့်ကတည်းက နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ပြည်နယ်တိုင်းအစိုးရအဖွဲတွေနဲ့ ဘက်ပေါင်းစုံ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်..
မုန်တိုင်းစတင်ဝင်ရောက်လာချိန်မှာလည်း နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့က ကွပ်ကဲမှုဌာနတွေမှာ မုန်တိုင်းအခြေအနေကို စောင့်ကြည့်ပြီး အချိန်နဲ့ တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြတာ ကမ္ဘာအသိဖြစ်ပါတယ်…
မုန်တိုင်းမကျရောက်မှီကာလမှာ မုန်တိုင်းဖြတ်သန်းမဲ့ မြို့ရွာတွေရှိ ဒေသခံပြည်သူတွေကို သဘာဝဘေးဒဏ်ခုံလှုရာ Shelter များသို့ ပြောင်းရွှေ့ပေးခဲ့သူ ၂၃,၇၀၀ ဦး၊ အခြားဘေးလွတ်ရာနေရာများကို ပြောင်းရွှေ့ပေးခဲ့သူ ၆၂၆,၈၄၉ ဦး၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီလူမျိုး ၆၂,၃၁၉ ဦးတို့ကို ဘေးလွတ်ရာများကို ရွှေ့ပြောင်းပေးခဲ့ပါတယ်…
မုန်တိုင်းကြီးရဲ့ ပြင်းအားနဲ့ ဦးတည်ရာလမ်းကြောင်းတွေကို နာရီစဉ်မပြတ် ဆက်တိုက်အသိပေးနှိးဆော်ပြီး ဘေးလွတ်ရာများကို ရှောင်တိမ်းနိုင်ရန် လိုအပ်တာတွေကို စီမံပေးခဲ့သလို အမိန့်အာဏာနဲ့ မဖြစ်မနေရွှေ့ပြောင်းစေရန် တိုက်တွန်း လုပ်ဆောင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်…
အတန်တန်အသိပေးနှိးဆော်နေသည့်ကြားထဲက မရွှေ့ပြောင်းသူ၊ မရှောင်တိမ်းသူများ သေဆုံးမှုတွေရှိခဲ့ပေမယ့်လည်း ယခုမိုခါမုန်တိုင်းပြင်းအားနဲ့ သေဆုံးထိခိုက်ဒဏ်ရာရသူစာရင်းဟာ ယခင်ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းတွေထက် အများကြီးလျော့နည်းခဲ့တာကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်…