ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့လေ့လာနိုင်မည့်ပညာရေးပြပွဲပြုလုပ်

ရန်ကုန်မြို့တွင် ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့လေ့လာနိုင်မည့် ပညာရေးပြပွဲကို မေလ ၂၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပြပွဲ ကျင်းပရေးအဖွဲ့က သိရသည်။

ပြပွဲကို ပြည်လမ်းရှိ နိုဗို တယ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ယင်းကို ထိုင်းတက္ကသိုလ်ဘွဲ့ကျောင်းသား‌ဟောင်းများအသင်းမှ ဦးစီးကျင်းပခြင်း ဖြစ်ကြောင်းနှင့် ပြပွဲအမည်ကို ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲ (Thailand Education Fair) ၂၀၂၃ ဟု အမည် ပေးထားကြောင်း သိရသည်။