အသက် ၁၁နှစ်အရွယ် ကစားသမားကို စာချုပ်ချုပ်ဆိုခဲ့တဲ့ Bigetron Esports

အင်ဒိုနီးရှား Esports အသင်းတစ်သင်းဖြစ်တဲ့ Bigetron Esports အနေနဲ့ အလားအလာရှိတဲ့ ဂိမ်းကစားသူအချို့ကို ခေါ်ယူစာချုပ်ဖို့ရှိတ ယ်လို့ အတည်ပြုခဲ့ပြီးနောက် အသက် ၁၁နှစ်အရွယ် Mobile Legend ကစားသမားကို Professionalစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်း ဖော်ပြမှုတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အင်ဒိုနီးရှား MPL Season 12 မှာ Upper Bracket Final အထိတက်ရောက်နိုင်ခဲ့တဲ့ Bigetron Esports အသင်းဟာ ရာသီသိမ်း ချိန်မှာ အဆင့်-၃နေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိပြည်တွင်းပွဲစဉ်တွေအတွင်း အလားအလာရှိတဲ့ လူငယ်ကစားသမား အများစုနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းပါ။

“ လူငယ်ကစားသမားလေးနာမည်က အာရစ်ဖ်ပါ။ တကယ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အရွယ်မလိုက်အောင်ကစားနိုင်သူလို့ပြောလို့ရပါ တယ်။ ပြုစုပျိုးထောင်တဲ့အနေနဲ့ရော အနာဂတ်အတွက်ပါဖြစ်လာနိုင်ပါတယ်။ လာမယ့် ၅နှစ်တာကာလအတွင်း အင်ဒိုနီးရှား MPL မှာ ထိပ်တန်းဖြစ်လာမယ့် အာရစ်ဖ်ရဲ့ ကစားပုံကို မြင်တွေ့ရပါလိမ့်မယ်” လို့ Bigetron Esports အသင်းစီအီးအို အက်ဒဝင်က ဆိုပါတယ်။

Oneesports.gg ရဲ့ဖော်ပြချက်အရ Bigetron Esports အသင်းခေါ်ယူလိုက်တဲ့လူငယ်ကစားသမားဟာ အသက် ၁၁ နှစ်အရွယ်သာရှိသူ ဖြစ်ပြီး Mobile Leagend ဂိမ်းရဲ့ Jungler Role ကိုဆော့ကစားသူဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာ Bigetron Esports အသ င်းနဲ့ စတင်ပူးပေါင်းလေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ Esports ကဏ္ဍကို ပိုပြီးတိုးတက်အောင် လုပ်ဆောင်ပေးနေတဲ့ အင်ဒိုနီးရှားအ စိုးရရဲ့ အစီအစဉ်အရ အခုလိုလူငယ်ကစားသမားတွေပေါ်ထွ က်လာမှုကို ပြည်သူအများစုကို ကြိုဆိုခဲ့ကြပြီး အာရစ်ဖ်ရဲ့ စာချုပ်ချုပ်ဆိုပွဲ ကိုလည်း ပရိသတ်များစွာတက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။