ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်တန်းများလျှောက်ထားနိုင်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က နိုင်ငံခြားဘာသာရပ် သင်တန်းများ ကို ယခု အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်ဘာလ (၃)ရက်အတွင်း လျှောက်ထားနိုင် ကြောင်း သိရပါတယ်။

နိုင်ငံခြားဘာသာရပ်သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ ပထမနှစ်သင်တန်း တက်ရောက်ရန်အတွက် သတ်မှတ်ထားသော အရည် အချင်းများနှင့် ပြည့်စုံသူဖြစ်ရန်လိုပြီး ဒီပလိုမာဘွဲ့သင်တန်းများအတွက် နိုင်ငံတော်က အသိအမှတ်ပြုထား သော ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရန်လိုကြောင်း၊ဘာသာဗေဒသင်တန်းအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့ တစ်ခုခု ရရှိပြီးသူဖြစ်ရန်လိုအပ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် နိုင်ငံခြားဘာသာရပ်သင်တန်းတွေကို ဘာသာပြန် ၊စကားပြန် ပြုလုပ်သူများ၊ ဘာသာ စကားပြန်သင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်နေသူများလည်း လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင်ယခု ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့်ဘာသာရပ် သင်တန်းတွေက မဟာဝိဇ္ဇာအချိန်ပြည့် (၂)နှစ် သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း)၊ ဒီပလိုမာ အချိန်ပြည့်(၁)နှစ် သင်တန်း (အင်္ဂလိပ်ဘာသာ)၊ အချိန်ပြည့်(၂)နှစ်သင်တန်း (အီတာလျံ၊ စပိန်ဘာသာ)၊ အချိန်ပိုင်း(၂)နှစ် သင်တန်း (ဘာသာဗေဒ)နှင့် အချိန်ပိုင်း(၄)နှစ်သင်တန်း (တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ ထိုင်းဘာသာ) များကို ဖွင့်လှစ်မှာဖြစ်ပါတယ်။

သင်တန်းများကိုတစ်ပတ်လျှင်(၅)ရက်(တနင်္လာနေ့မှသောကြာနေ့အထိ)သင်ကြားပေးမှာဖြစ်ပြီးဘာသာရပ်များသင်ကြားရာတွင် အင်္ဂလိပ်ဘာသာ(အချိန်ပြည့်) သင်တန်းများကို နံနက် (၉)နာရီမှ မွန်းလွဲ(၃နာရီမိနစ်၂၀)ထိ လည်း ကောင်း၊ အီတာလျံ၊ စပိန်ဘာသာ (အချိန်ပြည့်) သင်တန်းကို နံနက် (၈)နာရီမှ မွန်းတည့် ၁၂ နာရီထိ လည်း ကောင်း၊အချိန်ပိုင်းသင်တန်းများကို နံနက် (၇)နာရီမှ (၈ နာရီ မိနစ် ၅၀)ထိ လည်းကောင်း သင်ကြား ပေးသွားမယ်လို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကအသိပေးထုတ်ပြန်ထားပါတယ်။