PDF များ၏ သတ်ဖြတ်မှုကြောင့် နေ့စဉ်သေဆုံးနေရသည့် အပြစ်မဲ့ပြည်သူများ

-အောက်တိုဘာလ ၁၄ ရက် ၁၈၁၀ နာရီတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနေ ဦးညွန့်ဆွေ(ခ)ဖက်တီး(၅၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ကျား ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးညွှန့်ဆွေ(ခ)ဖက်တီးတွင် ဝဲနားထင် ကျည်ဖောက်၀င်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ဦးအောင်မျိုးလွင်(ခ)စောနန်းဦး(၆၂)နှစ်သည် မိသားစုနှင့်အတူ မော်တော်ယာဉ်ဖြင့် ကျိုက်ထိုနယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန် – မော်လမြိုင်ကားလမ်းဘေးရှိ ၎င်းပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းသို့ သွားရောက်၍ သန့်ရှင်းရေးဆောင်ရွက်ပြီး ဖက္ကလိပ်ကျေးရွာသို့ ပြန်ရန် ယာဉ်ပေါ်သို့ တက်စဉ် PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးအောင်မျိုးလွင်(ခ)စောနန်းဦးတွင်  နောက်ကျော၊ ခါးဝဲဘက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာနေ ဦးမိုးကြည်(၄၉)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်နုလှိုင် (၅၃)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF(စိစစ်ဆဲ) ကျား ၈ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး လက်နက် ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမိုးကြည်တွင် ဦးခေါင်းနောက်စေ့၊ ဝဲလက်မောင်း၊ ရင်အုံ ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဒေါ်နုလှိုင်တွင် ဝဲနံကြား၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-တောင်သာမြို့နယ်၊ ဘိန်းနွယ်ကုန်းကျေးရွာနေ ဦးဆန်းမင်း(၃၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF (စိစစ်ဆဲ)ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးဆန်းမင်းတွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် တောင်သာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ အခွန်ဦးစီးဌာနရုံးအနီး၌ အကြမ်းဖက်သမားများ ထောင်ထားသည့် အဝေးထိန်းလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ များဖြစ်သည့် ဒေါ်ဇာခြည်နွယ်(၃၆)နှစ်၊ အနောက်ပိုင်းရပ်ကွက်နေသူတွင် ဝဲနားထင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ သားဖြစ်သူ မောင်အောင်ကောင်းမြတ်(၄)နှစ်တွင် ဦးခေါင်း၊ လည်ပင်း မိုင်းစ ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်းဘူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။