ပေါင်းလောင်းမြစ်အတွင်း ဝမ်းကွဲမောင်နှမနှစ်ဦးရေနစ် သေဆုံး

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု သာယာဝှမ်းရွာ မြောက်ဘက် ထွန်းဘူဖေးစားသောက်ဆိုင် အ​ဟောင်းအနီးတွင် ဧပြီလ ၁၇ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့် က ဝမ်းကွဲမောင်နှမနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မောင်မျိုးကျော်ထက် ၊ ၂၄ နှစ် (ဘ)ဦးမိုးမြင့်၊ ပျဥ်းမနားမြို့နယ် သနပ်ပင်ဆိပ်အုပ်စု၊ သနပ်ပင်ဆိပ်အနောက်ရွာ၊ မမွန်လေးမြင့်ဇူနိူင်၊ ၁၇ နှစ်၊ (ဘ)ဦးမြင့်နိူင်၊ ပျဥ်းမနားမြို့နယ်၊ သစ်တွန်အုပ်စု၊ မြလင်းကျေးရွာ နေသူ အပါဝင် သူငယ်ချင်း ၅ ယောက် အတူရေစင်းကစားကြရာ မမွန်လေးမြင်ဇူနိူင် မှာ ရေသို့နစ်မြုပ်သွားခဲ့ကြောင်း၊ ဝမ်းကွဲအစ်ကိုဖြစ်သူ မောင်မျိုးကျော်ထက် မှ သွားရောက်ကယ်ခဲ့ရာတွင် ၂ ဦးစလုံး နှစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်သူ ၂ ဦးအား ရေကူးကျွမ်းကျင်သူများနှင့် ဝိုင်းဝန်းရှာဖွေကြရာ၊ မောင်မျိုးကျော်ထက် တစ်ဦးသာ ညနေ ၆ နာရီ ၄၀ မိနစ် အချိန်ခန့် တွင် အသက်သေဆုံးလျှက်တွေ့ရှိခဲ့ပြီး မမွန်လေးမြင့်ဇူနိူင် အားမတွေ့ရှိသေးကြောင်း၊ မနက်​​ဖြန်တွင် ထပ်မံရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူ မောင်မျိုးကျော်ထက် အလောင်းအား ​နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ကျည်တောင်ကျေးရွာ နာရေးကူညီမှုကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

PAN