ဘောလိဝုဒ် ကြယ်ပွင့် ရှာရွတ်ခန်ရဲ့ Pathaanဇာတ်ကား မထွက်ခင်ကပင် ပရိသတ်အားပေးမှု ရရှိနေ

James Bondနဲ့ Mission Impossibleဇာတ်ကားတွေလိုရိုက်ထားပြီး လာမယ့် သီတင်းပတ် ထွက်ချိမယ့် ဘောလိဝုဒ် စူပါ ကြယ်ပွင့် မင်းသား ရှာရွတ်ခန်ရဲ့ ဇာတ်ကား အသစ် Pathaanဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

ရှာရွတ်ခန်ဟာ အိန္ဒိယရဲ့ အကြီးကျယ်ဆုံး ပရိသတ် အချစ်ဆုံး ကြယ်ပွင့်တွေ ထဲက တစ်ယောက် ဖြစ်တာကြောင့် သူ့ဇာတ်ကား အသစ်ကိုစိတ်ဝင်စားမှု မြင့်တက်နေတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒီ Pathaanဇာတ်ကား ဟာ လေးနှစ်ကျော်အတွင်း သူ့ရဲ့ ပထမဆုံး ဇာတ်ကားလည်း ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကား အတော်များများ ထင်သလောက် မပေါက်တာ သားဖြစ်သူ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိတယ်ဆိုပြီ အဖမ်းခံရတာတွေ အပါအဝင် ရှာရွတ်ခန်၅၇နှစ်ဟာ ပုဂ္ဂိုလ်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ ရပြီးနောက် ဇာတ်ကားသစ်နဲ့ အတူ ပရိသတ်ကြား ပြန်ရောက်လာတာ ဖြစ်ပါတယ်။