ငမိုးရိပ်ချောင်းအတွင်း၌ ပုပ်ပွနေသော အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ငမိုးရိပ်ချောင်းအတွင်း၌ ပုပ်ပွနေသော အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရပါတယ်

အဆိုပါ အလောင်းကို ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွှေပေါက်ကံ တံတားအောက် ငမိုးရိပ်ချောင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဖြူရောင်ပရဟိတလူမှုကူညီ‌ရေးအသင်းထံမှ သိရပါတယ်

“ကျွန်တော်တို့ကို သက်ဆိုင်ရာရဲစခန်းက အကြောင်းကြားလို့ သွားတာပါ။ အလောင်းက ခန့်မှန်းအနိမ့်ဆုံး ၉ ရက်လောက်ရှိမယ်။ အလောင်းမှာ ဒဏ်ရာတွေဘာတွေတော့ မတွေ့တော့ဘူး။ လက်တွေဘာတွေတောင် ပြုတ်နေပြီ။ မိန်းကလေးပါ။ သူ့အရွယ်နဲ့အနေအထားဆိုရင် ၂၆နှစ်၊ ၂၇နှစ်လောက်ပဲရှိမယ်”ဟု အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်


လက်ရှိအချိန်အထိ အဆိုပါ အလောင်းနှင့်ပတ်သက်၍ မည့်သည့်အချက် အလက်ကိုမျှ မသိရှိရသေးသည့်အပြင် မိသားစုနှင့်လည်း အဆက်အသွယ်မရသေးပါဟု သိရပါတယ် ၎င်းရုပ်အလောင်းအား မြောက်ဥက္ကာလာပမြို့နယ်ရှိ မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါ