အောက်တိုဘာ ၃၀ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၂၉ ရက် ၁၇၁၅ နာရီတွင် ပျဉ်းမနားမြို့နယ်၊ မရမ်းတောင်(အောက်)ကျေးရွာတွင် နေထိုင်သည့် ဦးတင်မောင်စိုး အား အကြမ်းဖက်သမား ၁ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ပြ ခြိမ်းခြောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၉ ရက် ၁၁၁၅ နာရီတွင် အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်အုပ်စု၊ ချောင်းဂွ(ကေ)ကျေးရွာနေ ဦးမြင့်ကျော်(၅၈)နှစ်သည် ကျောက်ပုံကျေးရွာရှိ တရားစခန်းမှပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးမြင့်ကျော်၌ ဝဲနားဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာနားဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပုခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲချိုစောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲနံစောင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲတံတောင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာတံတောင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။