အသေးစိတ်နဲ့ စေတနာထားပြင်ဆင်ဆောင်ရွက်

ရခိုင်ပြည်နယ်မှ “မိုခါ”မုန်တိုင်းဒဏ်သင့်လယ်သမားများအတွက် ဒုတိယအကြိမ်အဖြစ် မျိုးစပါးတင်း ၃ သောင်းကျော်ပို့ဆောင်ခဲ့ပါတယ်။
အဆိုပါ စပါးမျိုးများအား နေပြည်တော်အတွင်းမှဝယ်ယူခဲ့သည့် GW-11 မျိုးစပါး ၁၄၄၂၅ တင်း၊ရန်ကုန်တိုင်းအတွင်းမှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၃၀၀၀ တင်း၊ ဧရာဝတီတိုင်း၊မြောင်းမြနှင့်ဝါးခယ်မမြို့တို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၃၀၆၇ ဒသမ ၅ တင်း(စုစုပေါင်း မျိုးစပါး ၃၀၄၉၂ ဒသမ ၅ တင်း)အား ပို့ဆောင်ပေးခဲ့ပြီး ပြန်လည်ထူထောင်ရေးကို တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။