ဒဏ်ရာပြဿနာတွေ အမြဲကြုံတွေ့နေရတဲ့ နေမာ

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာသည် ဥရုဂွေးအား (ဝ-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးနောက် ကွင်းအတွင်းမှ သယ်ယူရေးယာဥ်ဖြင့်ထွက်ခွာခဲ့ကြောင်းသိရသည်။

နေမာသည် ပထမပိုင်းပြီးဆုံးခါနီး၌ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၄၅+၄’) တွင် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ရစ်ချာလီဆန်နှင့် လူစားလဲခဲ့ရသည်။

နေမာသည် ကစားသမားဘဝတစ်လျှောက် မကြာခဏဆိုသလို ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသူဖြစ်ပြီး ယခုဒဏ်ရာအခြေအနေပြင်းထန်ခဲ့ပါက ၎င်း၏ကစားသမားဘဝအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်။