တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၇ ဦးအား ဖမ်းဆီးရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်း ယာဉ်ဝင်/ထွက်သွားလာမှုများကို ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်နေစဉ် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသော ယာဉ် မောင်း သဲမင်းစိုး (ဘ) ဦးတင်ဆွေ၊ ၃၇ နှစ်၊
တပိုးအုပ်စု၊ တပိုးရွာ၊ တန့်ဆည်မြို့၊ စစ်ကိုင်း တိုင်းဒေသကြီး နေထိုင်သူမောင်းနှင်သော ယာဉ်အမှတ်၊ YGN-12/6G-6747 SURF အဖြူရောင် (လိုင်စင်မဲ့) ယာဉ်အား စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာရန် သယ်ဆောင်လာသော တရုတ်နိုင်ငံသား ၇ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရပါသည်။

       ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများမှာကျန်းကျင့်ထုံ (ဘ)ကျန်းပေဟုန်၊ ၁၇နှစ်၊ တရုတ်/ဗုဒ္ဓ၊ စားပွဲထိုး၊ ကျန်မောင်မြို့၊ ကွမ်တုံပြည်နယ်၊ တရုတ်နိုင်ငံ၊ ထန်ကျင့်ထုံ (ဘ)ထန်ပေါက်ချင်း၊ ၂၃ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊ချုံ့ချင်မြို့၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ၊ စွမ်းကျင်ပဲ့ (ဘ)စွမ်းကျန့်ရှန့်၊ ၄၈ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊လီယင်ရဲ့မြို့၊ ရှန့်တုန်ပြည်နယ်၊ တရုတ်နိုင်ငံ၊ လျှိုတာကွမ် (ဘ) လျှို့စီးချန်၊ ၂၇ နှစ်၊ တရုတ်/ ဗုဒ္ဓ၊ကျပန်း၊ကျန်းဖေမြို့၊ကွမ်တုံပြည်နယ်၊ တရုတ်နိုင်ငံ၊ ချန်းတုံရှီ (ဘ)ချန်းကျင့်ရှဲန်၊ ၂၄ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊ဖန်ကျီရွှေရွာ၊ ဟွေနန်မြို့၊ အန်ဝေးပြည်နယ်၊တရုတ်နိုင်ငံ၊ လျှိုကျင်းယွန် . (ဘ)လျှိုကောချွမ်၊ ၄၄ နှစ်၊ တရုတ်/ဗုဒ္ဓ၊ခရီးဆောင်အိတ်ချုပ်၊ ရှောင်ကျာဝမ်ရွာ၊ ဝင်ဆန်းကျုံမြို့၊ ယူနန်ပြည်နယ်၊တရုတ်နိုင်ငံ၊ လင်ချိုင်ယိ (ဘ)လင်ဆစ်ချွမ်၊၄၈ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊တုံးကျန်ရွာ၊ချန်ကျိုးမြို့၊ ဖူကျန့်ပြည်နယ်၊ တရုတ်နိုင်ငံတို့ဖြစ်ကြောင်း သိသည်။

အဆိုပါ ဖမ်းဆီးရမိတရားမဝင်တရုတ်နိုင်ငံ သား ၇ ဦးအား လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်း ကောင်း၊ မြန်မာနိုင်ငံသား ၁ ဦးအား လဝက အက်ဥပ ဒေပုဒ်မ ၁၃(၅)ဖြင့်လည်း ကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တရားခံများနှင့်အတူ မြန်မာငွေ ၅၈၀,၀၀၀ ကျပ်၊ တရုတ်နိုင်ငံသုံးငွေ ၂,၀၀၀ ယွမ်၊ မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်းစီးနှင့် လက်ကိုင်ဖုန်း ၁ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။