အောက်တိုဘာ ၂၈ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၂၇ ရက် ၁၁၂၀ နာရီတွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်ရှိ ခရိုင်/မြို့နယ်ထွေအုပ်ရုံးအား PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ထွေ/အုပ်ရုံးတောင်ဘက် ကိုက် ၆၀ ခန့်အကွာ ခရိုင်/မြို့နယ် လမ်းဦးစီးဌာနရုံးဝင်းအတွင်း၌ ၁ လုံး၊ ထွေ/အုပ်ရုံး၏ တောင်ဘက် ကိုက် ၂၀ ခန့်အကွာ ကားလမ်းပေါ်၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် အလားတူ ၁၂၄၀ နာရီတွင် အကြမ်းဖက်သူများသည် ကျော်ဇေယျာ(၁)ရပ်ကွက်၊ အမှတ်(၃၆)သစ်စက်ဟောင်းအနီးအား လက်လုပ် ၄၀ မမဖြင့် ပစ်ခတ်ခဲ့ပြီး ကရာကုန်းကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-အောက်တိုဘာ ၂၇ ရက် ၁၅၅၀ နာရီတွင် ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာတွင်နေထိုင်သော ဦးမျိုးထွန်း(၅၁)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးမှ လက်လုပ်သေနတ်များကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာပြီး ဦးမျိုးထွန်းအား မကျည်းပင်ပုကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၇ ရက် ၁၃၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအနီးရှိ ရေမြောင်းအတွင်း၌ အလောင်း ၁ လောင်း တွေ့ရှိကြောင်းသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက် PDF များမှ သတ်ဖြတ်ခဲ့သည့် (စိစစ်ဆဲ) ကျား ၁ ဦးတွင် လည်ပင်း၊ ဝဲ/ယာနားရွက်၊ ဂုတ်ပိုး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရ။