လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂၅ ဦး ထိခိုက်တယ်လို့ Mizzima မှ သတင်းအမှားရေး

ဒီပဲယင်းမြို့နယ်၊မရကန်ရွာသို့ အင်အား ၁၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို သြဂုတ်လ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့် တွင် တိုက်ခိုက်ခဲ့ခြင်းဟု Shwebo Justic Force တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ “အခုနောက်ဆုံးသိထားရတဲ့ သတင်းအရ စစ်တပ်ဘက်က ၂၅ ဦးထက်မနည်း အထိအခိုက်ရှိခဲ့ပါတယ်” ဟု Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂ ရက်နေ့၌ ဒီပဲယင်းမြို့နယ်၊မရကန်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ Mizzima မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး ထိခိုက်တယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။