ကိုးကန့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၆ ဦး သေတယ်လို့ Khit Thit မှ သတင်းအမှားရေး

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့် ကိုးကန့်ဒေသတွင် စစ်တပ်၏ စကခ ၁၂ တပ်ရင်း ၃၃၅ စစ်သားများသည် လူအင်အား ၃၀ ကျော်ဖြင့် ပြည်သူ ၁ ဦး ဖမ်းဆီးကာ လမ်းပြပြုလုပ်ခိုင်းပြီး MNDAA တပ်ဖွဲ့ရှိရာကို ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိတွေ့တိုက်ပွဲသည် ညနေ ၃ နာရီ ၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦး သေဆုံးကာ စစ်သားများ တပ်ပျက်ပြီး လက်နက်များစွန့်ပစ်ထွက်ပြေးကာ MNDAA တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၄ ရက်နေ့၌ ကိုးကန့်ဒေသတွင် တပ်မတော်ရဲ့ စကခ ၁၂ ကွပ်ကဲမှုအောက် ခမရ(၅၄၉)တပ်စစ်ကြောင်းအား MNDAA အဖွဲ့မှ ချောင်းမြောင်းပြီး တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင် စစ်သား ၃ ဦး ဒဏ်ရာအချို့ရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိများအပါအဝင် ၁၆ ဦး သေဆုံးတယ်ဆိုပြီး လူအများ အထင်ကြီးအောင် ရည်ရွယ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါသည်။