ရေလယ်ကျွန်းမှာလုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ မြေလတ်အသံမှ သတင်းအတုရေး

အောက်တိုဘာလ ၁၂ ရက်နဲ့ ၁၃ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်သားနဲ့ ပျူစောထီးတွေကို Myingyan Black Tiger (MBT)အဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တို့၌ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် တပ်မတော်နှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ လှေခုတ်ရွာအတွင်းမှ PDF များ၏ သေနတ် ၆ လက်၊ RPG ၁ လက်နှင့် ပြောက်ကျားယူနီဖောင်း ၁၀ စုံတို့အား လုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိသွားကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ မြေလတ်အသံ မှ စိတ်ကူးယဉ်လုပ်ဇာတ်ဆင်ပြီး လိုင်းပေါ်ကနေ မြှောက်ပင့်ရေးသားထားကာ တိုက်ပွဲမဖြစ်ဘဲ PDF ၁ ဦးသေတယ်ဆိုတာကလည်း အလှူခံတောင်းစားလို့ကောင်းအောင် မျက်ရည်ချူရေးသားထားခြင်းသာဖြစ်ပါသည်။