မြလယ်ကျေးရွာကို စစ်တပ်ကမီးရှို့ပြီး ဒေသခံတွေကိုဖမ်းသွားတယ်လို့ DVB မှ သတင်းအမှားရေး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာကို ဩဂုတ် ၁၈ ရက် နေ့ညနေပိုင်းမှာ လုံခြုံရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတ ချို့ကိုလည်းဖမ်းဆီးသွားတယ်လို့ DVB မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၈ ရက်နေ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာ အတွင်းမှ ရှော့တိုက်ဒုံးနှင့် တပ်မတော်ရေယာဉ်များအား ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခြင်းသာဖြစ်ပြီး ကျေးရွာအားမီးရှို့ဖျက်ဆီးပြီး ဒေသခံများအားဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ဒေတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ DVB မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများမုန်းတီးအောင် လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။