ရုရှားနိုင်ငံ Patriot Park ပန်းခြံအတွင်း၌ မြန်မာ့စစ်သည်တော်မဟာမိတ်များအမည်ရှိ အထိမ်းအမှတ်ရုပ်တု ဖွင့်လှစ်

ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်အဖြစ် ရုရှား-မြန်မာ ပူးပေါင်းကာ ဖက်ဆစ်တို့ကို တော်လှန်ခဲ့ကြသည်ကို အမှတ်ရနေစေရန် ရုရှားနိုင်ငံ မော်စကိုခရိုင်၊ ကူဘင်ကာမြို၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုစိုက်ထူပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။

အဆိုပါ အထိမ်းအမှတ်ရုပ်တုကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကိုဂုဏ်ပြုလိုသည့်အတွက် မဟာမိတ်စစ်သည်တော်များ ပြင်ပ ပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်စကိုမြို့ M.B Grekova အနုပညာ စတူဒီယိုမှ ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏ နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုန့်ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည်လည်း တစ်ကမ္ဘာလုံး၏ စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်ကို အသိအမှတ်ပြု လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သဘောတူညီချက် တင်ပြတောင်းခံ၍ ရုပ်တုအသွင်သဏ္ဍာန်အား အထူးရွေးချယ် ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။