လက်ခတ်တောင်တွင် အကြမ်းဖက် PDF များ၏ အလောင်းများ မကောက်နိုင်ဘဲ ကျန်ရှိနေ

လက်ခတ်တောင်၌ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တပ်မတော်နှင့် အကြမ်းဖက် Cobra စစ်ကြောင်းတိုက်ပွဲများတွင် PDF များအနေဖြင့် အလောင်းများပင် မကောက်နိုင်ပဲ လမ်းများပေါ်တွင် ယခုအချိန်ထိအလောင်းများ ရှိနေသေးကြောင်း သိရပါတယ်။ တပ်မတော်(လေ)ရဲ့ တိကျတဲ့လေကြောင်း တိုက်ခိုက်မှုများက အကြမ်းဖက်များအခြေပြုနေသည့် နေရာကိုတိုက်ရိုက်ထိမှန်ခဲ့တာကြောင့် အလောင်းများအား မြေမြှုပ်ခြင်းမလုပ်နိုင်ဘဲ ဘုရားကုန်းပေါ်ရှိ ရေတွင်းထဲ ပစ်ချ၍ မြှုပ်နေရကြောင်း သိရှိရပါတယ်။

ယခုဖော်ပြထားတဲ့ VIDEO ဖိုင်တွင်လည်း အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကြီးများ တိုက်ရိုက်ထိမှန်ခံရတာကြောင့် အလောင်းများပင် တစ်စစီဖြစ်နေတာကို တွေ့ရှိရပြီး အကြမ်းဖက်သမားများအနေဖြင့်လည်း အဆိုပါတောင်ကုန်းပေါ်တွင် စိုးရိမ်ထိတ်လန့်စွာဖြင့်နေနေရကြောင်း ၎င်းတို့ရဲ့ လူမှုစာမျက်နှာများ/ ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရပါတယ်။ အခုတော့ Cobra ဆိုတဲ့ ကောင်တေလည်း တီကောင်တွေ ဖြစ်ကုန်ကြပြီ။