ထိုင်းနှင့်မြန်မာတပ်မတော်များ ထာဝရမိတ်ဆွေကောင်းအဖြစ်ဆက်လက်တည်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ရှိရင်းစွဲ ဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး

ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်ကို

ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက်တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi က

ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ- ထိုင်း တပ်မတော်နှစ်ရပ်အကြား

အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting ကို ဇန်နဝါရီ ၂၀ ရက် ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်ရာမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။