ရှမ်းပြည်တောင်ပိုင်းက 𝙋𝘿𝙁 (၇) ဦး လက်နက်နှင့် အလင်းဝင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်မှ 𝙋𝘿𝙁 အဖွဲ့ဝင် အမျိုးသား ၇ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နစက ထုတ်ပြန်တဲ့သတင်းအရ သိရပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ 𝙋𝘿𝙁 များကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီ အပ်နှံတဲ့အခမ်းအနားတစ်ရပ်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမမှာ ဒီကနေ့ နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင် 𝙋𝘿𝙁 တွေ အပ်နှံလာတဲ့ ကာဘိုင် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ M-22 ၁ လက်နဲ့ ၎င်းကျည် ၅ တောင့်တို့ကို တိုင်းမှူး ဗိုလ်ချုပ် လှမိုးက လက်ခံရယူခဲ့ပြီးနောက် သေနတ် ၁ လက်ကို ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်းနဲ့ သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀ အပြင် တစ်ဦးကို ထောက်ပံ့ငွေ ၅ သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

crd;