အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီး‌ကိုရောက်နေတဲ့မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီမှ ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား
ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်
အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM)လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊
အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့်
ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လာသူများ
အနေနဲ့ နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပြည်ပ‌ရောက် နိုင်ငံသားများအ‌နေနဲ့
သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများကို ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်။