“ကြာအင်းဆိပ်ကြီးမှာ ရာဘာခြံထဲကနေ သစ်ရွက်ခြောက်တွေနဲ့ဖုံးနေတဲ့ သေနတ်တစ်လက်နှင့် ကျည်များတွေ့ရှိ”

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အနီးမှာရှိတဲ့ ရာဘာခြံအတွင်းကနေ ဧပြီ ၂၆ ရက်၊ မွန်းလွဲပိုင်းက သစ်ရွက်ခြောက်တွေနဲ့ ဖုံးအုပ်နေတဲ့ သေနတ်တစ်လက်နဲ့ ကျည်များတွေ့ရှိခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲက သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

အဆိုပါသေနတ်ကို ရာဘာခြံအတွင်း ထင်းခွေသွားတဲ့ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲထံ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

ယင်းသေနတ်ဟာ AK 47 သေနတ်ဖြစ်ကြောင်း သိရှိရပြီး သစ်သားကိုယ်ထည်မှာ ခြတွေစားထားတာကြောင့် သစ်ရွက်ခြောက်တွေအောက် ရောက်ရှိနေသည်မှာ အချိန်ကာလကြာမြင့်နေပြီလို့ ယူဆရကြောင်းနဲ့ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်တိုပါဝင်ကြောင်းလည်း သိရပါတယ်။