🏵️တရားမဲ့စွာမပြောပါနဲ့🏵️

လူတစ်ယောက်ရဲ့
အလှကိုမြင်အောင်မကြည့်တတ်ရင်
အကုသိုလ်တွေ ဖြစ်နိုင်ပါတယ် ။

အကြိုက် စရိုက်မတူတိုင်း
မေတ္တာထားကြည့်လို့ မရတာမျိုး

ကိုယ်စိတ်ထားမတတ်တိုင်း
သူများကိုအထင်သေးတာမျိုးတွေ
ဘယ်တော့မှမဖြစ်ပါစေနဲ့ ။

ငွေစက္ကူတိုင်းမှာ
သူ့တန်ဖိုးနှင့်သူရှိနေတတ်သလို

လူတိုင်းမှာလည်းသူတန်ဖိုးနှင့်သူ
ရှိနေတတ်ကြပါတယ် ။

သူများဘ၀ကို
ဖြည့်တွေးလို့ မပေးနိုင်ရင်တောင်
ပရမ်းပတာ အပြစ်မပြောသင့်ပါဘူး ။

သူများအပြစ်ကို ပြောနေခြင်းဟာ
ကိုယ့်မှာလည်း တရားနည်းတဲ့သဘော
သက်ရောက်နေတဲ့အတွက်
သတိထား ဆင်ခြင်ဖို့လိုပါတယ် ။

🌷🙏🌷 သာရ ဂ ဝေ သီ 🌷🙏🌷