ဂရန်နာဒါနှင့် ဘီလ်ဘာအိုပွဲစဉ်တွင် ပရိသတ်တစ်ဦး Heart Attack ဖြင့်သေဆုံး

ဂရန်နာဒါနှင့် ဘီလ်ဘာအိုတို့၏ လာလီဂါပွဲစဉ်ကို ပရိသတ်တစ်ဦး Heart Attack ဖြင့်သေဆုံးမှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ပွဲချိန်(၁၇)မိနစ်တွင် ဘီလ်ဘာအိုအသင်းက (၁-ဝ)ဂိုးဖြင့် ဦးဆောင်နေစဉ် ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သေဆုံးခဲ့ပြီးနောက် ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲကို ယနေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၂ ရက် နံနက် ၂း၃၀ နာရီ)တွင် ပြန်လည်ကစားမည်ဖြစ်ပြီး ပွဲချိန်(၁၇)မိနစ်မှ ပြန်လည်စတင်ကစားမည်ဖြစ်ကြောင်း သိရသည်။