ထမင်းမြိန်စေတဲ့ ငပိရည်ဖျော်လေး😍😍😍

ကဲ ဘယ်လိုမျိုးစားကောင်းအောင် ချက်ပြုတ်လဲဆိုတာ ကြည့်ကြမယ်နော်

ငပိကိုရေထည့် နနွင်းမှုန့်ထည့်ပြီး ကျိုမယ်

ဆယ်မိနစ်လောက် ပွက်ပွက်ဆူပြီးရင် ရပြီ

ကိုင်းခရမိးချဉ်သီး

ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပုဇွန်ထုပ်

ငရုတ်သီးများကို မီးကင်ထားပါမယ်

ခရမ်းချဉ်သီး ငရုတ်သီးစိမ်း ကြက်သွန်ဖြူတွေထောင်းထားပါမယ်။

ပုဇွန်ခြောက်မှုန့်၊ငရုတ်သီးအလှော်မှုန့်တွေ လိုပါမယ်

ထောင်းထားတာတွေရောပါမယ်

ငပိရည်ကိုစစ်ပြီး လောင်းထည့်မယ်

ငရုတ်ကလောအော်သီး အတောင့်လိုက်ထည့်မယ်

သူကမွှေးတယ်

ဒါဆိုစားလို့ရပါပြီ