အကျိုးရှိတာပဲယူသွားနိုင်ပါစေ

ဘယ်လောက်တန်ပဲဝတ်ဝတ်
ပို၍လှလာတယ်ဆိုတာမတွေ့ပါဘူး ။

ဘယ်လောက် ရုပ်သန့်သန့်
စိတ်ကောင်း စေတနာကောင်းနှင့်
မေတ္တာဓာတ်မရှိရင် ချစ်ခင်မှုမရပါဘူး ။

ဘယ်လောက်ပိုင်ဆိုင်ဆိုင်
ယူသွားနိုင်သူဆိုတာကနည်းပါတယ် ။

ဘယ်လိုပင် နေထိုင်ရပါစေ
လောကဓံစက်ကွင်းကမလွတ်ပါဘူး ။

ဘယ်လောက်တန်ခိုးကြီးကြီး
သေမင်းကိုတော့ မလွန်ဆန်နိုင်ပါဘူး ။

အရည်သွေးပြည့်ပြီးတန်ဖိုးရှိချင်ရင်
သီလအဝတ်က အကောင်းဆုံးပါ ။

ကိုယ်တိုင်လည်းချမ်းသာ
ပတ်ဝန်းကျင်မှာလည်းအေးမြချင်ရင်
မေတ္တာစိတ်တွေ များများဖြစ်ပွားစေပါ ။

ကိုယ့်နောက်လည်းပါစေချင်
ရန်သူမျိုးငါးပါးလည်းလွတ်စေချင်ရင်
ပိုင်ဆိုင်မှုကို ဒါနနဲ့ အနှစ်ထုတ်ယူပါ ။

လောကဓံစက်ကွင်းကလွတ်ချင်ရင်
မမြဲခြင်းကို အမြဲဆင်ခြင်ပြီး
ကိုယ့်ရဲ့စိတ်ကို နှလုံးသွင်းမှန်စေပါ ။

သေခြင်းတရားကလွတ်ချင်ရင်တော့
မမေ့လျော့မှုမှာ မွေ့လျော်ပြီး
ကုသိုလ်တွေနဲ့ဘဝကိုထုံမွမ်းထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏